back

ထိုင်းတောင်ပိုင်း ဆောင်ခလာခရိုင်တွင်ကားထိုင်ခုံအောက် လျှို့ဝှက်ခန်းအတွင်းလိုက်ပါလာသည့် မြန်မာနှစ်ဦး ဖမ်းဆီးခံရ

Feb 01 • 5:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း ဆောင်ခလာခရိုင်တွင်ကားထိုင်ခုံအောက် လျှို့ဝှက်ခန်းအတွင်းလိုက်ပါလာသည့် မြန်မာနှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင်တွင် ဇန်နဝါရီ ၂၆ ရက်ကကားတစ်စီးပေါ်ရှိ လျှို့ဝှက် အကန့် (အခန်း)အတွင်း မြန်မာနိုင်ငံသားနှစ်ဦးအားဝှက်သယ်လာသူကို လူဝင်မှုကြီး...

ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင်တွင် ဇန်နဝါရီ ၂၆ ရက်ကကားတစ်စီးပေါ်ရှိ လျှို့ဝှက် အကန့် (အခန်း)အတွင်း မြန်မာနိုင်ငံသားနှစ်ဦးအားဝှက်သယ်လာသူကို လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဌာနကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြချက်အရ သိရသည်။စစ်ဆေးရေးဂိတ်၌ စစ်ဆေးနေစဉ်အတွင်း ဆောင်ခလာလိုင်စင်နံပါတ်ပါ Isuzu အဖြူရောင် ပစ်ကပ်ကားတစ်စီးအား တားဆီးစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။၎င်းကား ယာဉ်မောင်းမှာအသက် (၃၁) နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး ကားအတွင်းယာဉ်မောင်း

နောက်ခန်း ထိုင်ခုံအောက်၌ အထူးပြုပြင်ထားသော လျှို့ဝှက်အကန့်အတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို စစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားနှစ်ဦးသည် နိုင်ငံကူးလက်မှတ်(Passport) မရှိဘဲ ထိုင်းနိုင်ငံ ချွန်ဘူ

ရီခရိုင် (Chonburi) သို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခိုးဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး

ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသားနှစ်ဦးအား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ပဒန်းဘေဆာ

ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။


news-view-count-icon

17