back

အာရှအဆင့် တက်လှမ်းနိုင်ခဲ့သည့် မြန်မာလက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုပွဲချီးမြှင့်

Feb 01 • 5:02 AM

breaking-news

မြန်မာ

ရန်ကုန်

cover

အာရှအဆင့် တက်လှမ်းနိုင်ခဲ့သည့် မြန်မာလက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုပွဲချီးမြှင့်

၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာရှ ယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာလက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှ...

၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာရှ ယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာလက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်မှ ချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀၀ အပါအဝင် စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၉၀၀၀ ပေးအပ်ခဲ့သည်။ အဆိုပါ ဂုဏ်ပြုပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ အလှူရှင်အသီးသီးမှ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀၀ နှင့် နိုင်ငံတော်မှ ချီးမြှင့်ငွေတို့ ပေါင်းစပ်ကာ အမျိုးသား ယူ-၁၇ အသင်းအား ကျပ်သိန်း ၅၅၀၀ နှင့် အမျိုးသမီး ယူ-၁၇ အသင်းအား ကျပ်သိန်း ၃၅၀၀ ခွဲဝေချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ကုမ္ပဏီအသီးသီးမှ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး လက်ရွေးစင်ကစားသမားများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

11