ယနေ့ ဖေဖော်ဝါရီ ၁ ရက်(တပို့တွဲလပြည့်-ဩဝါဒပါတိမောက်အခါတော်နေ့)တွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီးရှိ ဆံတော်မြတ်ရတနာနှင့် မြတ်စွာဘုရားဆင်း တုတော်များအား စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များမှ ထမနဲဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစ ရိယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူကြည်ညိုခြင်း၊ ဩဝါဒပါတိမောက်ဂါထာတော်များရွတ်ဖတ်ပူဇော်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခြင်းတို့ကိုလည်း ကျင်းပခဲ့ကြသည်။
| 13 | 0 | 0 | 0 |


