၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် နှစ်ပေါင်း (၂၀) ကြာမှ ပြန်လည်ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးအသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ တက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုဆုငွေများအနေဖြင့် နိုင်ငံတော်မှ ချီးမြှင့်သည့် ငွေကျပ်သိန်း (၁၀၀၀) အပြင်၊ အမျိုးသမီးအသင်းအတွက် စုစုပေါင်းငွေကျပ် သိန်း (၃၅၀၀) နှင့် အမျိုးသားအသင်းအတွက် ငွေကျပ် သိန်း (၅၅၀၀) တို့ကို အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ရှေ့ဆက်မည့် အာရှဖလားနောက်ဆုံးအဆင့်မှတစ်ဆင့် ကမ္ဘာ့ဖလားအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းအားပေးစကား ပြောကြားခဲ့သည်။
အာရှယူ-၁၇ ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီး အသင်းများကို ဂုဏ်ပြုချီးမြှင့်ပွဲသို့မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌတက်ရောက်
Feb 01 • 5:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


