ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များနှင့် သီးခြားတိုက်ရိုက်လိုင်းဆွဲအသုံးပြုသည့် စီးပွားရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၉၀၀ ကျပ် နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ စက်မှုဇုန်များကို ၂၄ နာရီ မီးပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ နှုန်းထားသစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လုပ်ငန်းရှင်အချို့က မီးမှန်ကန်စွာရရှိပါက လက်ရှိဒီဇယ်မီးစက်မောင်းနှင်ရသည့် ကုန်ကျစရိတ်ထက် ပိုမိုသက်သာနိုင်မည်ဟု ယူဆသော်လည်း၊ အများပြည်သူများကမူ မီတာခတိုးမြှင့်မှုကြောင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားလာပြီး ကုန်ဈေးနှုန်းများ ထပ်မံတိုးတက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။
Feb 01 • 4:59 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 26 | 0 | 0 | 0 |


