အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ မဟာမိတ် လွှတ်တော်အမတ် တစ်ဦးက ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ရပ်ကို အဆိုပြုလိုက်ရာ Meta နှင့် YouTube တို့အတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သော အိန္ဒိယသည် လူငယ်များ၏ ကျန်းမာရေးနှင့် ဒေတာလုံခြုံရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အငြင်းပွားမှုတွင် ပါဝင်လာခဲ့သည်။ အဆိုပြုသူ အယ်လ်အက်စ်ကေ ဒီဗာရာဗာလူက အိန္ဒိယကလေးငယ်များသည် ဆိုရှယ်မီဒီယာစွဲလမ်းနေရုံသာမက နိုင်ငံခြားကုမ္ပဏီများအတွက် AI ဖန်တီးရန် အခမဲ့ဒေတာပံ့ပိုးပေးသူများ ဖြစ်နေကြောင်း ထောက်ပြခဲ့သည်။ ဩစတြေးလျက အသက် ၁၆ နှစ်အောက် ပိတ်ပင်မှုကို ပထမဆုံးစတင်ခဲ့ပြီးနောက် ပြင်သစ်၊ ဗြိတိန်နှင့် ဂရိတို့ကလည်း အလားတူဥပဒေများကို လေ့လာဆောင်ရွက်နေကြသည်။ သို့သော် Meta အပါအဝင် နည်းပညာကုမ္ပဏီများကမူ ယခုကဲ့သို့ အလုံးစုံပိတ်ပင်ခြင်းသည် ဆယ်ကျော်သက်များကို စည်မျဉ်းမရှိသည့် ပိုမိုအန္တရာယ်များသော ဝက်ဘ်ဆိုက်များဆီသို့ တွန်းပို့ရာရောက်နိုင်ကြောင်း သတိပေးထားသည်ဟု သိရှိရပါသည်။
အိန္ဒိယတွင် ကလေးနှင့် ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်ရန် ဥပဒေကြမ်းအဆိုပြုမှုအပေါ် အငြင်းပွားမှုများဖြစ်ပေါ်
Feb 01 • 4:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


