ရခိုင်ပြည်တွင် အမျိုးသမီးအခွင့်ရေးလှုပ်ရှားနိုင်မှုမှာ အားနည်းလျှက်ရှိနေ၍ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုတိုးလာနိုင်ကြောင်း ယခင် အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောဆိုကြသည်။အမျိုးသမီးအရေးလှုပ်ရှားမှုများ အားနည်းသွားခြင်းမှာ ဒေသအခြေနေအရ ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့ရေးကို အဓိကထား လုပ်ဆောင်နေရ၍ ကျဆင်းသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ယခင်က အမျိုးသမီးအရေး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သော အမျိုးသမီးတစ်ဦးက ပြောသည်။ အမျိုးသမီးအခွင့်ရေးလှုပ်ရှားနိုင်မှု အားနည်းသွားသည့်အတွက် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် လိင်အကြမ်းဖက်ခံရမှု အခြေနေများမှာ ပိုများလာကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ အဆိုပါ ဖြစ်စဉ်များကို ဥပဒေကြောင်းအရ အရေးယူနိုင်မှုနှင့် ပြန်လည်ကုစားနိုင်မှုများမှာလည်း မရှိသလောက်နည်းပါးနေကြောင်း အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ 
Feb 01 • 3:23 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 9 | 0 | 0 | 0 |


