တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ "ကမ္ဘာ့စူပါမားကတ်" အဖြစ် လူသိများသော ရိဝူးမြို့တွင် လာမည့်နွေဦးပွဲတော်အတွက် ဈေးဝယ်သူများ ရွေးချယ်နိုင်ရန် ဥရောပကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသည့် တရုတ်-ဥရောပကုန်တင်ရထားများကို တွေ့မြင်လာရကြောင်း သိရသည်။နွေဦးပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူးအချိန်အခါသမယမှာ ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ ကျရောက်သည်။ရိဝူးမြို့၌ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အထိ တရုတ်-ဥရောပကုန်တင်ရထား စုစုပေါင်း ၂၀၈ စင်း ပြေးဆွဲခဲ့ပြီး နေ့စဉ်သုံးပစ္စည်းများနှင့် စမတ်အိမ်သုံးပစ္စည်းများကို ပြည်ပသို့ သယ်ဆောင်သွားပြီး အပြန်ခရီးတွင် ဝိုင်၊ ဝက်ပေါင်ခြောက်၊ နို့ထွက်ပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ဆောင်လာကြောင်း သိရသည်။
တရုတ်-ဥရောပကုန်တင်ရထားများက တရုတ်နိုင်ငံ ရိဝူးမြို့တွင် နွေဦးပွဲတော်အတွက် ဥရောပကုန်ပစ္စည်းများ ယူဆောင်လာ
Feb 01 • 3:23 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


