လေထုညစ်ညမ်းမှု ပြဿနာ ကြီးမားသော မြို့တော်များ၌ နေထိုင်ကြသည့် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ပညာရှင်များ၏ ဗြိတိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသားဦးရေ ၁၂၀,၀၀၀ တို့၏ ကျန်းမာရေး အချက်အလက်များကို လေ့လာကြရာမှ ရလဒ်များအရ ပြင်းထန်သော လေထုညစ်ညမ်းမှုနှင့် ထိတွေ့နေရသူ အမျိုးသားများ၌ အသက်ရလာချိန်တွင် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပုံမှန်ထက် ၆ ဒသမ ၉ ရာခိုင်နှုန်း ပို၍ မြင့်မားတာကို တွေ့ရတယ်လို့လည်း သိရပါတယ်။လေထုလွှာညစ်ညမ်းမှုအဆင့် မြင့်မားလာလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားလာရမှု၏ အဓိက အကြောင်းတရားဖြစ်နိုင်ကာ နိုက်ထရိတ်၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သော နိုက်ထရိုဂျင်ဓာတ်ဟာ ကင်ဆာဆဲလ်များကြီးထွားမှုကို အားပေးတတ်တယ်လို့လည်း ပညာရှင်များက ဆိုထားပါတယ်။



