back

ချင်းပြည်နယ်၊ပလက်ဝမှာ ကုန်စက်လှေချင်းတိုက်မိရာကနေ မီးလောင်မှုဖြစ်လို့ တစ်ယောက်ဒဏ်ရာရ

Feb 01 • 2:33 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ပလက်ဝမှာ ကုန်စက်လှေချင်းတိုက်မိရာကနေ မီးလောင်မှုဖြစ်လို့ တစ်ယောက်ဒဏ်ရာရ

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ စေတီပြင်သောင်နားမှာ ကုန်စက်လှေချင်းတိုက်မိရာကနေ စက်လှေနှစ်စီးလုံး မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသားတစ်ယောက်ဒဏ်ရာရရှိသွားခဲ့တယ...

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ စေတီပြင်သောင်နားမှာ ကုန်စက်လှေချင်းတိုက်မိရာကနေ စက်လှေနှစ်စီးလုံး မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသားတစ်ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ဒဏ်ရာရသွားသူကတော့ ပလက်ဝမြို့နယ်၊ စေတီပြင်ရွာက ကိုစိုးမြင့် (၂၃)နှစ်ဖြစ်ပါတယ်။မနေ့က ဇန်နဝါရီလ (၃၀)ရက်နေ့၊ နေ့လယ် (၂)နာရီလောက်မှာ ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝရွာက ဦးဘအေးရဲ့ မုန့်ဖာတွေသယ်ဆောင်လာတဲ့ စက်လှေဟာ စေတီပြင်သောင်မှာ သောင်တင်နေတဲ့အတွက် တွန်းချနေစဉ် ချောင်းအထက်ဖက်ကနေ လောင်စာဆီပေပါသယ်ယူလာတဲ့ ကျောက်တော်မြို့နယ်၊ လိပ်ကန်ရွာ(ပီချောင်း)က ဦးမောင်မြင့်စိုးရဲ့စက်လှေက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာပါ။

news-view-count-icon

9