အရှေ့မြောက်မုတ်သုံလေအားကောင်းချိန် မြန်မာနိုင်ငံ တောင်ပိုင်း မြို့နယ်တချို့မှာ မိုးအနည်းငယ်ရွာနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ သုံးသပ်ပြောကြားထားတာတွေအရသိရပါတယ်။ အရှေ့မြောက်မုတ်သုံလေအားကောင်းချိန်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း က မြို့နယ်တချို့မှာ အရှေ့ဘက်မှလေပြင်း တစ်နာရီ မိုင် ၂၀ ခန့်နဲ့ မိုးအနည်းငယ်ရွာနိုင်ပါမယ်လို့ " ဦးဝင်းနိုင်ကအဆိုပါတယ်။အရှေ့မြောက်မုတ်သုံလေအားကောင်းနေချိန်ဖြစ်ပြီး ၊ လာမည့် ၁ ပတ်အတွင်းမိုးရွာနိုင်တဲ့ ရာခိုင်နှုန်းအလွန်နည်းသလို ၊ ရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန်လည်းမများပါဘူးလို့ ဆက်လက်ပြောကြားထားပါတယ်။ဖေဖော်ဝါရီ ၉ ရက် ကနေ ၁၃ ရက်အတွင်း ကော့သောင်းမြို့မှာ ၂၄ နာရီ မိုးရေချိန် 1.6mm ခန့်နဲ့ မြိတ်မြို့ မှာ 3.1mm - အလွန်နည်းတဲ့ မိုးရေချိန်ပမာဏမျှသာ ရွာသွန်းနိုင်မယ်လို့သိရပါတယ်။လေတိုက်နှုန်း အနေနဲ့ ဖေဖေါ်ဝါရီ ၃ ရက် ၊ ကပ္ပလီပင်လယ်တောင်ပိုင်း မှာ လေတိုက်နှုန်းအမြင့်ဆုံး ၁ နာရီ မိုင် ၃၀ ခန့်ရှိနိုင်ပြီး ၊ကုန်းတွင်းဒေသတွေမှာ အရှေ့ဘက် ကနေ လေတိုက်နှုန်း ၁ နာရီ မိုင် ၂၀ ခန့် ရှိနိုင်မယ်လို့သိရှိရပါတယ်။



