back

လိဒ်စ်နဲ့ပွဲက ကစားသမားစွမ်းဆောင်ရည်ကို အာတေတာ ချီးကျူး

Feb 01 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

လိဒ်စ်နဲ့ပွဲက ကစားသမားစွမ်းဆောင်ရည်ကို အာတေတာ ချီးကျူး

အာဆင်နယ်အသင်းနည်းပြ အာတေတာက လိဒ်စ်ကို အဝေးကွင်းမှာ ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။၎င်းက ယခုပွဲမှာ တစ်စုံတ...

အာဆင်နယ်အသင်းနည်းပြ အာတေတာက လိဒ်စ်ကို အဝေးကွင်းမှာ ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။၎င်းက ယခုပွဲမှာ တစ်စုံတစ်ရာ ပြောဆိုနိုင်ခဲ့တယ်လို့ ယူဆကြောင်းလည်း မှတ်ချက်ပြုခဲ့ပါတယ်။အာတေတာရဲ့အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲမှာ နိုင်ပွဲပြန်ရခဲ့တာပါ။ယခင်သုံးပွဲမှာ လီဗာပူးလ်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတွေကို သရေကျပြီး မန်ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာဖြစ်တယ်။အာတေတာက ဆာကာရဲ့ကြံ့ခိုင်မှုပြဿနာဟာ အနည်းငယ်သာဖြစ်တယ်လိုလည်း ဖွင့်ဟခဲ့ပါတယ်။ဆာကာဟာ အခုပွဲ ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ပေမဲ့ သွေးပူလေ့ကျင့်ခန်းအပြီး မကစားနိုင် ဖြစ်ခဲ့ရတယ်။သူ့နေရာမှာ မာဒူအေကေက ဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

news-view-count-icon

15