menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ထိုင်းနိုင်ငံ၌ ရုရှား နိုင်ငံသား လေယာဉ်ပေါ်မှာ ကိုယ်တုံးလုံးချွတ်ပြီးသောင်းကျန်းလို့ ဝင်ခွင့် ပိတ်ပင်ခဲ့

Feb 01 • 1:54 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

ထိုင်းနိုင်ငံ၌ ရုရှား နိုင်ငံသား လေယာဉ်ပေါ်မှာ ကိုယ်တုံးလုံးချွတ်ပြီးသောင်းကျန်းလို့ ဝင်ခွင့် ပိတ်ပင်ခဲ့

ဗီယက်နမ် နိုင်ငံ Nha Trang ကနေ ဘန်ကောက်ကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ ရုရှားအမျိုးသားတစ်ဦးဟာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ဆောင်ခဲ့တာကြောင့် ထိုင်း အာဏာပိုင်တွေက ပ...

cover-photo

ဗီယက်နမ် နိုင်ငံ Nha Trang ကနေ ဘန်ကောက်ကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ ရုရှားအမျိုးသားတစ်ဦးဟာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ဆောင်ခဲ့တာကြောင့် ထိုင်း အာဏာပိုင်တွေက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ လေယာဉ်စီးနင်းလာစဉ်အတွင်း အဝတ်အစားတွေ ချွတ်တာ၊ အိမ်သာထဲ ဝင်လိုက်ထွက်လိုက် လုပ်တာတွေအပြင် လေယာဉ်အမှုထမ်းတွေနဲ့ စကားများပြီး လေယာဉ်တံခါးဖွင့်ပေးဖို့ တောင်းဆိုတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီအမျိုးသားဟာ Immigration Act 1979 အရ ပြည်ဝင်ခွင့် တားမြစ်ထားတဲ့ ပုဂ္ဂိုလ်စာရင်းမှာ အကျုံးဝင်နေတာကြောင့် တာဝန်ရှိသူတွေက နိုင်ငံထဲ ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။ သူ့ရဲ့ အပြုအမူတွေဟာ လေကြောင်းလိုင်း ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ သူ့ကို ဇန်နဝါရီလ ၃၁ ရက် မနက် ၇ နာရီ ၅၅ မိနစ်မှာ လေယာဉ်အမှတ် FD646 နဲ့ မိခင်နိုင်ငံကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။ ထိုင်း အာဏာပိုင်တွေအနေနဲ့ ဒီလိုစည်းကမ်းမဲ့ ပြုမူသူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

news-view-count-icon

14

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့အတူ ကမ္ဘာ့ ရွှေဈေး၊ ငွေဈေး ပြန်ကျ

ထိုင်းနိုင်ငံမှာ လည်ပတ်ဖို့ အကောင်းဆုံး အမျိုးသား ဥယျာဉ်များ

cover-photo
right-arrow-icon