back

ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့အတူ ကမ္ဘာ့ ရွှေဈေး၊ ငွေဈေး ပြန်ကျ

Feb 01 • 1:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့အတူ ကမ္ဘာ့ ရွှေဈေး၊ ငွေဈေး ပြန်ကျ

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေးသွားချိန်မှာ ဥရောပ စတော့ရှယ်ယာ ဈေးကွက် အားနည်းနေပြီး ရွှေဈေ...

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေးသွားချိန်မှာ ဥရောပ စတော့ရှယ်ယာ ဈေးကွက် အားနည်းနေပြီး ရွှေဈေး၊ ငွေဈေး ပြန်လည် ကျဆင်းလာပါတယ်။ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့ တန်ဖိုးရှိ သတ္တုတွေဖြစ်တဲ့ ရွှေနဲ့ငွေဈေးနှုန်းတွေဟာ ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်ပြီးနောက်မှာ လျော့ကျလာတာပါ။ထရန့်က ကေဗင် ဝါ့ရှ်ကို အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းပြီးနောက် အခုလို ရွှေဈေး၊ငွေဈေး လျော့ကျလာတာ ဖြစ်ပါတယ်။ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရမီ ပါဝဲလ်ကို ဒေါ်နယ် ထရန့်က ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအရ ထိခိုက်နိုင်ကြောင်း သတိပေးပြီးနောက်မှာ အခုလို ဖြစ်လာတာ ဖြစ်ပါတယ်။ရွှေဈေးနှုန်း တစ်အောင်စကို အမေရိကန် ဒေါ်လာ ၅,၀၀၀ အောက် ၁၂ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။ငွေဈေးကလည်း ဇန်နဝါရီ ၂၉ ရက်က တစ်အောင်စကို ဒေါ်လာ ၁၂၀ အထိစံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ဒေါ်နယ်ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်မှု နောက်ပိုင်းမှာ ဈေးနှုန်း ပြန်လည် လျော့ကျလာတာ ဖြစ်ပါတယ်။

news-view-count-icon

46