back

ထားဝယ်တွင် ကြက်သွန်နီဈေးကျပြီး ကြက်သွန်ဖြူဈေးတက်

Feb 01 • 1:52 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်တွင် ကြက်သွန်နီဈေးကျပြီး ကြက်သွန်ဖြူဈေးတက်

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးကျလာပြီး ကြက်သွန်ဖြူ ဈေးမြင့်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၂၅ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်...

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးကျလာပြီး ကြက်သွန်ဖြူ ဈေးမြင့်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၂၅ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၄,၅၀၀ ကျပ်မှ ဇန်နဝါရီလ ၃၁ ရက်တွင် ၂,၅၀၀ ကျပ်သို့ ဈေးကျသွားသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၂,၀၀၀ ကျပ် ဈေးပြန်ကျလာခြင်းဖြစ်သည်။ ကြက်သွန်ဖြူ (ကြူကုတ်)မှာလည်း တစ်ပိဿာ ၁၃,၅၀၀ကျပ်စျေးရှိရာမှ ကျပ် ၅၀၀ ကျပ် စျေးကျကာ ၁၃,၀၀၀ကျပ် ဖြစ်သွားသည်။ ထားဝယ်ဒေသထွက် ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အချို့မှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးဆက်လက်မြင့်တက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

news-view-count-icon

15