ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့တွင် သူခိုးဓားပြမှု များပြားနေပြီး ယမန်နေ့ ဇန္နဝါရီ ၂၉ ရက်နေ့တွင်လည်း ခေမာသီရိရပ်ကွက်တွင် ပစ္စည်းဝင်ယူချိန် ကားတစ်စီးအခိုးခံခဲ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦး ပြောပြချက်အရ သိရသည်။ ခေမာသီရိ လမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခိုးခံရသည့် ကားမှာ Honda fit အမဲရောင်တစ်စီးဖြစ်ကာ ဆိုင်အတွင်း ပစ္စည်းခဏဝင်ယူရင်း ဖြစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယမန်နေ့ညတွင်လည်း တပ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ထားရှိသည့် ဘက်ထရီဆိုင်ကယ် အခိုးခံလိုက်ရကြောင်း သိရသည်။



