back

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဝန်ထမ်းများကို အမည်မည်းစာရင်းမှဖြေလျှော့ပေးလျက်ရှိ

Jan 31 • 4:10 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဝန်ထမ်းများကို အမည်မည်းစာရင်းမှဖြေလျှော့ပေးလျက်ရှိ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့်ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားသဖြင့် သက်ဆိုင်ရာဌာနများ ၏ အမည်မည်...

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့်ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားသဖြင့် သက်ဆိုင်ရာဌာနများ ၏ အမည်မည်းစာရင်း၌ပါဝင်ခဲ့သဖြင့်ရှောင်တိမ်းနေကြရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ရုံးများ၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည် နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ပြန်လည်သ တင်းပို့ဆက်သွယ်နိုင်သည်ဟု အသိပေးခဲ့သည်။ထိုသို့ ဆက်သွယ်လာသူများအား တာဝန်ရှိသူများမှစိ စစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသော်လည်း အမည်မည်းစာရင်းဝင်နေသူများအား အမည်မည်းစာရင်းမှ ဖြေလျှော့ပေးလျက်ရှိသည်ဟု အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။




news-view-count-icon

18