၃၁.၁.၂၀၂၆ ရက်နေ့၊ ၂၃ နာရီ၄၅ မိနစ်အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ရွှေလင်ဗန်း ဘုရားရှေ့တွင် ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပြည်ခရိုင်မီးသတ်စခန်းမှ အုပ်ချူပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ မ(၁)ဦး (ေ-သဆုံး)၊ ကျား (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ပရဟိပါရမီအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြည်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။



