မြန်မာနိုင်ငံ ရန်ကုန်မြို့ သာကေတမြို့နယ်တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တပ်ဆင်ထားသည့် ဆိုလာစွမ်းအင်သုံးလမ်းမီးများသည် ညအချိန် လမ်းပန်းဆက်သွယ်ရေး၊ အများပြည်သူ ဘေးကင်းရေးနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။ အဆိုပါ ဆိုလာစွမ်းအင်သုံးလမ်းမီးများကို ဈေးများ၊ ပန်းခြံများ၊ ဓာတ်ဆီဆိုင်များနှင့် ရုံးများတည်ရှိရာဇုန်များ အပါအဝင် လူနေထူထပ်သော အများပြည်သူသွားလာသည့် နေရာများတွင် တပ်ဆင်ထားသည်။



