လုပ်ပွဲအရှုပ်တော်ပုံများကြောင့် တရုတ်စူပါလိဂ်ကလပ်အသင်းအများအပြားကို တရုတ်ဘောလုံး အဖွဲ့ချုပ်က အမှတ်လျှော့ပြစ်ဒဏ်များ ချမှတ်ခဲ့ရာ အသင်းထက်ဝက်ကျော် အနုတ်ရမှတ်များဖြင့် ရာသီသစ်ကိုစတင်ရမည်ဖြစ်သည်။ လုပ်ပွဲများ၊လောင်းကစားနှင့်ပတ်သက်မှု၊ အကျင့်ပျက်မှုများကို ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးပြီးနောက် စူပါလိဂ်ကလပ်အသင်း ၁၆ သင်းအနက် ကိုးသင်းကို အနည်းဆုံး ငါးမှတ်မှ အများဆုံး ၁၀ မှတ်အထိ အမှတ်လျှော့ ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။ ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရသည့် အသင်းများတွင် ပြီးခဲ့သည့် ရာသီကချန်ပီယံဖြစ်ခဲ့သည့် ရှန်ဟိုင်း ပေါ့တ် အသင်းလည်းပါဝင်ပြီး အနုတ်ငါးမှတ်ဖြင့် ရာသီသစ်ကိုစတင်ရမည်ဖြစ်သည်။



