ဖိတ်ကြားမှုအရ ၁၀ ကြိမ်မြောက် စင်ကာပူလေကြောင်းပြပွဲတွင် ပါဝင်ခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပါးရီလေယာဉ်အလှပြပျံသန်းရေးအဖွဲ့သည် စင်ကာပူနိုင်ငံ Changi လေဆိပ်၌ လိုက်လျောညီထွေမှုရှိစေရန် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး တရားဝင် အလှပြပျံသန်းမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ယင်းမှာ အလှပြပျံသန်းရေးအဖွဲ့ စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီးနောက် ပထမဆုံး ပျံသန်းမှုဖြစ်သည်။



