back

ပဲခူးမှာ ​မြေသယ်ကားက မီးပွိုင့်မိလို့ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်လို့ နှစ်ယောက်သေ ၊သားအဖနှစ်ယောက် ဒဏ်ရာရ

Jan 31 • 2:41 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမှာ ​မြေသယ်ကားက မီးပွိုင့်မိလို့ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်လို့ နှစ်ယောက်သေ ၊သားအဖနှစ်ယောက် ဒဏ်ရာရ

ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ ပြင်စည်မီးပွိုင့်မှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်၉နာရီ​ကျော်က ရပ်ထားတဲ့ဆိုင်ကယ်တွေကို မြေသယ် ဖောကားက ဝင်တိုက်မိရာကနေ နှစ်ယေ...

ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ ပြင်စည်မီးပွိုင့်မှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်၉နာရီ​ကျော်က ရပ်ထားတဲ့ဆိုင်ကယ်တွေကို မြေသယ် ဖောကားက ဝင်တိုက်မိရာကနေ နှစ်ယောက်သေဆုံးကာ သားအဖနှစ်ယောက်လည်းထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။ ယာဥ်တိုက်မှုအတွင်း သေဆုံးသူတွေက ဥဿာမြို့သစ်(၅)ရပ်ကွက်၊ ကံ့ကော်လမ်းမှာ နေထိုင်တဲ့ 

ဦးကျော်စွာဦး နဲ့ ချင်စု(၂)လမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသီဟစိုး ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ် ။ ထိခိုက်ဒဏ်ရာရတဲ့ သားအဖကတော့ လ.ဝ.က ဝန်ထမ်း ဦးကျော်ဝင်းဆွေ နဲ့ သမီးဖြစ်သူ Grade 8 ကျောင်းသူ မယွန်းယမုံဖူး တို့ဖြစ်ပြီး ပဲခူးဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ် ။ လက်ရှိမှာ ယာဥ်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ယာဥ်မောင်းကိုလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ 



news-view-count-icon

13