back

MWL အမျိုးသမီးလိဂ် ရာသီပိတ်ချန်ပီယံဆုကို ဧရာဝတီအမျိုးသမီးအသင်းဆွတ်ခူး

Jan 31 • 2:40 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

MWL အမျိုးသမီးလိဂ် ရာသီပိတ်ချန်ပီယံဆုကို ဧရာဝတီအမျိုးသမီးအသင်းဆွတ်ခူး

ယခုနှစ် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ် နောက်ဆုံးပွဲစဉ်(၁၈)အပြီးတွင် ဧရာဝတီအမျိုးသမီးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်သ...

ယခုနှစ် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ် နောက်ဆုံးပွဲစဉ်(၁၈)အပြီးတွင် ဧရာဝတီအမျိုးသမီးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။ISPE အမျိုးသမီးအသင်း နှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ယနေ့ ဇန်နဝါရီ (၃၁)ရက် ညနေ (၃)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်က စားခဲ့ရာ၊ ဂိုးမရှိသရေရလဒ်နှင့် ပြီးဆုံးခဲ့ပြီးနောက် ဧရာဝတီအမျိုးသမီးအသင်းက ရမှတ် (၄၀)ဖြင့် အမှတ်ပေးချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်ဖြင့် ရရှိသွားခဲ့ခြင်းဖြစ်သည်။Myanmar Women league အမှတ်ပေးဘောလုံးပြိုင်ပွဲကို အသင်း (၉)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပြိုင် ပွဲ ပထမအကျော့ အား ၂၀၂၅ ခုနှစ် ဧပြီ (၁)ရက်မှ စက်တင် ဘာ(၁၂)ရက်အထိ ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယအကျော့ ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ(၁၈)ရက်မှ ၂၀၂၆ ခုနှစ် ဇန်န ဝါရီ (၃၁)ရက်အထိ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းလည်းဖြစ်သည်။




news-view-count-icon

13