back

မြစ်ကြီးနားလေဆိပ်မှာ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး စစ်ဆေးမှုကို တစ်လကြာပြုလုပ်မည်

Jan 31 • 2:09 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားလေဆိပ်မှာ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး စစ်ဆေးမှုကို တစ်လကြာပြုလုပ်မည်

ဇန်နဝါရီလ( ၂၉ )ရက်နေ့မှစတင်ကာ မြစ်ကြီးနားမြို့လေဆိပ်မှာ နီပါးရ်ဗိုင်းရပ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့သိ...

ဇန်နဝါရီလ( ၂၉ )ရက်နေ့မှစတင်ကာ မြစ်ကြီးနားမြို့လေဆိပ်မှာ နီပါးရ်ဗိုင်းရပ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံ နဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့မှာ ကူးစက်ပြန့်နှံ့နေတဲ့ နီပါးရ်ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးတာတွေပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်တွင်းခရီးသွားတွေအပြင် ပြည်ပကနေပြန်လာတဲ့ ခရီးသွားတွေကို အဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ သံသယလူနာမတွေ့ရှိသေးဘူးလို့ သိရပါတယ်။ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဲဒီရောဂါပိုးနဲ့ ပတ်သက်ပြီးတော့ ခရီးသွားများကိုစစ်ဆေးမှု တွေပြုလုပ်ခဲ့ပါတယ်။ 



news-view-count-icon

15