ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီ ရပ်ကွက်နေ မအေမီမီ(၃၂)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ပျဉ်းမနား ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါ နေအိမ်၌ မအေမီမီနှင့်အတူ တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် မအေးမာ(၄၃)နှစ်၊ မနှင်းနှင်းလှိုင် (၄၆)နှစ်၊ မသိမ့်သိမ့်ဦး(၂၀)နှစ်၊ မလှလှဝင်း(၅၃)နှစ်၊ မအိဖြူ(၃၈)နှစ်နှင့် မတင်တင်လှ (၅၆)နှစ် တို့ ခုနှစ်ဦးအား မင်းသားမင်းသမီးရုပ်ပုံများဖြင့် လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေမီမီပါခုနှစ်ဦးအား ရွာကောက်နယ်မြေရဲစခန်း(ပ)၉/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



