back

ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်းလုယက်မှုကြောင့် ကလေးငယ်များရွှေထည်ဝတ်ဆင်မပေးရန် သတိပေးမှုများရှိနေ

Jan 31 • 12:27 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်းလုယက်မှုကြောင့် ကလေးငယ်များရွှေထည်ဝတ်ဆင်မပေးရန် သတိပေးမှုများရှိနေ

ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်း လုယက်မှုမျိုးစုံအဖြစ်များလာသဖြင့် ကလေးငယ်များကို ရွှေထည်လက်ဝတ်တန်ဆာများ၊ တန်ဖိုးရှိပစ္စည်းများ ဝတ်ဆင်မပေးရန် ရပ်ကွက်အချို့တွင်...

ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်း လုယက်မှုမျိုးစုံအဖြစ်များလာသဖြင့် ကလေးငယ်များကို ရွှေထည်လက်ဝတ်တန်ဆာများ၊ တန်ဖိုးရှိပစ္စည်းများ ဝတ်ဆင်မပေးရန် ရပ်ကွက်အချို့တွင် အချင်းချင်းသတိပေးမှုများရှိနေပြီး လူမှုကွန်ရက်တွင်လည်း သတိပေးမျှဝေမှုများလည်း ရှိလာခဲ့သည်။ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်(၁၃)ရပ်ကွက်တွင် ဆော့ကစားနေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရိုက်နှက်ကာ ရွှေလက်ကောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ထို့ပြင် တစ်ရက်လျှင် လူဦးရေ ၁၅ သိန်းဝန်းကျင်စီးနင်းနေသည့် YBS ဘတ်စ်ကားများပေါ်တွင်လည်း ခါးပှိုက်နှိုက်ခံရမှုများ ပိုမိုဖြစ်ပွားလာသဖြင့် သွားလာရာတွင်မပေါ့ဆဘဲ အထူးသတိထားသွားလာကြရန် သတိပေးမှုများ ရှိနေကြသည်။




news-view-count-icon

13