ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်လေဆိပ်၌ ပြည်ပမှဝင်ရောက်လာသည့် ခရီး သည်များအား သတ်မှတ်ထားသောလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးလျက်ရှိရာ ယခုအခါ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ အိန္ဒိယမှဝင်ရောက်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



