အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းနှင့် Ngwe Square စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြသူများလည်းရှိကြောင်း သိရသည်။



