ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် အပတ်စဉ်သွားရောက်နိုင်တယ်လို့ သိရပါတယ်။ဂုတ်ထိပ် (၂) RBE ရထားဟာ ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲမှာ ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီအချိန်တွင် ပြန်လည် ရောက်ရှိကြောင်း၊ လမ်းခရီးမှာ ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာတို့မှာ ရပ်တန့်ပေးတယ်လို့ဆိုပါတယ်။ပြင်ဦးလွင်- ဂုတ်ထိပ် - ပြင်ဦးလွင် အသွား/အပြန် ရိုးရိုးတန်းတစ်ဦးကို ငွေကျပ် ၁၅,၀၀၀နဲ့ အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး အနီးစခန်း ဘူတာမှ စတင်ပြေးဆွဲပေးခဲ့မှုအတွက် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀နဲ့ အထက်တန်းတစ်ဦးကို ငွေကျပ် ၃၅,၀၀၀ ကောက်ခံပြေးဆွဲပေးခဲ့မှာဖြစ်ပါတယ်။



