ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ဘေးကင်းလုံခြုံမှုရှိစေဖို့ ကြိုတင်မဲပေးကာလ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် စနေနေ့ ဒီနေ့ည ၆ နာရီကနေ ဖေဖော်ဝါရီလ (၁) ရက်နေ့ ၆ နာရီအထိဟုသိရပါတယ် ။ရွေးကောက်ပွဲရက်- ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် (စနေနေ့) ညနေ ၆:၀၀ နာရီမှ ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) ညနေ ၆:၀၀ နာရီအထိကို အရက်သေစာရောင်းချခွင့် နိုင်ငံနဲ့ ချီပိတ်သွားမှာပါ။ အရင်ကဆို ဆိုင်လေးတွေမှာသာ ပိတ်ပြီး ဖျော်ဖြေရေး ရုံတွေ၊ နိုင်ငံခြားသားများတဲ့ နေရာတွေမှာ ရောင်းခွင့်ပြုပေမယ့် အခုတော့ အကုန်ပိတ်ရတာလည်းဖြစ်ပါတယ်။တကယ်လို့ ဥပဒေချိုးဖောက်နေတာတွေ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၆ လ သို့ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ သို့၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။ 
ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ဘေးကင်းလုံခြုံမှုရှိစေဖို့ယနေ့ ညနေ ၆ နာရီ နောက်ပိုင်း အရက်ရောင်းချ၊ သောက်စားပါက ထောင်ဒဏ် ၆ လ၊ ဘတ်ငွေ ၁၀၀၀၀ချမှတ်မည်ဟုသိရ
Jan 31 • 7:15 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


