back

ဗီတာမင်ဒီ ဖြည့်စွက်ဆေးများ သောက်သုံးပါက တုပ်ကွေးရောဂါ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ဟုဆို

Jan 31 • 7:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဗီတာမင်ဒီ ဖြည့်စွက်ဆေးများ သောက်သုံးပါက တုပ်ကွေးရောဂါ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ဟုဆို

ဆောင်းရာသီကာလအတွင်း ဗီတာမင်ဒီ ဖြည့်စွက်ဆေးများ နေ့စဉ်သောက်သုံးပါက တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထ...

ဆောင်းရာသီကာလအတွင်း ဗီတာမင်ဒီ ဖြည့်စွက်ဆေးများ နေ့စဉ်သောက်သုံးပါက တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ ဗြိတိန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ချို့တဲ့သူများဟာ ဆောင်းရာသီကာလအတွင်း တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေ ပုံမှန်ထက်မြင့်မားပြီး ဗီတာမင်ဒီ ဓာတ်ဟာ အသက်ရှူလမ်းကြောင်း ရောဂါများကြောင့် ဆေးရုံတက်ရနိုင်ခြေအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိတာကို တွေ့ရတယ်လို့ ပြောကြားထားပါတယ်။ယခုတွေ့ရှိချက်ကို ဗြိတိန်နိုင်ငံ ဆာရေးတက္ကသိုလ်မှ ပညာရှင်များမှ အရွယ်ရောက်ပြီးသူ ၃၆,၀၀၀ တို့၏ ကျန်းမာရေးအချက်အလက်များကို လေ့လာဆန်းစစ်ခဲ့တာဖြစ်ပြီး လေ့လာချက်မှ ပေါ်ထွက်လာမှုအရ ဗီတာမင်ဒီ ချို့တဲ့သူများဟာ ဗီတာမင်ဒီ လုံလောက်သူများနှင့် နှိုင်းယှဉ်ပါက အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများကြောင့် ဆောင်းရာသီကာလအတွင်း ဆေးရုံတက်ရနိုင်ခြေ မြင့်မားနေတတ်တာကို တွေ့ရှိရကြောင်းလည်း ပြောကြားထားပါတယ်။


news-view-count-icon

17