back

တောင်ကြီးတွင် အွန်လိုင်းမှ လိုင်စင်မဲ့ကား ရောင်းချသူများကို အသွင်ယူဖမ်းဆီးနေ

Jan 31 • 7:07 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် အွန်လိုင်းမှ လိုင်စင်မဲ့ကား ရောင်းချသူများကို အသွင်ယူဖမ်းဆီးနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လူမှုကွန်ရက် (Facebook) မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းချနေသူများကို ရဲတပ်ဖွဲ့က ဝယ်ယူသူအသွင်ယူ၍ ဖမ်းဆီးမှုများ တိုးမြှ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လူမှုကွန်ရက် (Facebook) မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းချနေသူများကို ရဲတပ်ဖွဲ့က ဝယ်ယူသူအသွင်ယူ၍ ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ဇန်နဝါရီ ၂၈ ရက်က Facebook တွင် လိုင်စင်မဲ့ကားရောင်းချသည့် အကောင့်ပိုင်ရှင်နှစ်ဦးကို ချိန်းဆို၍ ကားနှစ်စီးနှင့်အတူ ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ထို့အပြင် တောင်ကြီးမြို့တွင်း စစ်ဆေးမှုများအရ တစ်ရက်တည်းမှာပင် လိုင်စင်မဲ့ကား ၁၇ စီးနှင့် ဆိုင်ကယ် ၂၄ စီးကို ထပ်မံဖမ်းဆီးရမိခဲ့ရာ ယင်းအထဲတွင် PNO ယူနီဖောင်းဝတ်ဆင်ထားသူ မောင်းနှင်သည့်ယာဉ်နှင့် PNO ဦးထုပ်တင်ထားသည့် ယာဉ်များပါဝင်နေကြောင်း သိရှိရပါသည်။

news-view-count-icon

13