back

တရုတ်နှင့်စီးပွားရေးမလုပ်ရန် ဗြိတိန်ကို ထရမ့် သတိပေး

Jan 31 • 7:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နှင့်စီးပွားရေးမလုပ်ရန် ဗြိတိန်ကို ထရမ့် သတိပေး

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမာ ဟာတရုတ်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင် ခြင်း၊ စီးပွားရေးအကျိုးကျေးဇူးတွေကို ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ ပေကျ...

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမာ ဟာတရုတ်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင် ခြင်း၊ စီးပွားရေးအကျိုးကျေးဇူးတွေကို ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ ပေကျင်းနဲ့စီးပွားရေး မလုပ်ဖို့ ဗြိတိန်ကို သမ္မတထရမ့် က သတိပေးခဲ့တယ်လို့ CNN သတင်းက ဖော်ပြပါတယ်။ ထရမ့်လက်ထက်မှာ အမေရိကန်ဟာ နဲ့ မဟာမိတ် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို လျှော့ချလာတဲ့နောက် ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတာမာ အပါ အဝင် အနောက်နိုင်ငံ ခေါင်းဆောင်တချို့ဟာ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဗြိတိန်တို့ဟာ သဘောထားအမြင် ကွဲလွဲမှုတွေ ရှိနေတာကို နှစ်နိုင်ငံ ခေါင်းဆောင်တွေက လက်ခံအသိအမှတ်ပြုခဲ့ပေမဲ့ အနာဂတ်မှာ ဆက်ဆံရေးကဏ္ဍတွေကို နည်းလမ်းမျိုးစုံနဲ့မြှင့်တင်သွားကြဖို့လည်း သဘောတူခဲ့ပါတယ်။ ထရမ့်ကတော့ အမေရိကန်ရဲ့ အနီးကပ်ဆုံး အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဗြိတိန်က အမေရိကန်ရဲ့ ခါးသီးပြိုင်ဘက် တရုတ်နဲ့ သဘောတူညီမှုတွေ ရယူနေတဲ့အပေါ် အန္တရာယ်များတဲ့ အရွေ့တစ်ခုလို့ ဆိုပါတယ်။

news-view-count-icon

17