ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကွင်းလယ်လူ ဂိုဟက်ဇ်ကာ (Leon Goretzka) သည် ယခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၀ အရွယ်ရှိ ဂိုဟက်ဇ်ကာသည် ၂၀၁၈ ခုနှစ်တွင် ဘိုင်ယန်သို့ စတင်ရောက်ရှိလာခဲ့ပြီး ၈ နှစ်တာကာလအတွင်း ဘွန်ဒစ်လီဂါချန်ပီယံ ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် အောင်မြင်မှုအမြောက်အမြား ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် အသင်းအတွက် ပြိုင်ပွဲစုံ ၂၉၂ ပွဲကစားကာ ၄၇ ဂိုး သွင်းယူပေးခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အက်သလက်တီကိုအသင်း၏ စိတ်ဝင်စားမှုကို ခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ဥရောပထိပ်သီးကလပ်အချို့က စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 31 • 7:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


