၃၁.၁.၂၀၂၆ ရက်ယနေ့၊ ၁၁နာရီ ၃၀မိနစ် အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ ကျစွာရပ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၄၀ မိနစ်အချိန် မီးငြိမ်းပါသည်။



