၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ၆ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MSME ထုတ်ကုန်များ၊ EV ယာဉ်များ၊ Solar Farm ပြခန်းများနှင့် CMP အထည်ချုပ်လုပ်ငန်းများ အပါအဝင် ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့ ပါဝင်ပြသသွားမည်ဖြစ်သည်။ ထို့ပြင် ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက်အထိ နိုင်ငံကျော်အဆိုတော်များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
Jan 31 • 6:04 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 29 | 0 | 0 | 0 |


