back

ယခင်အိမ်ထောင်ဟောင်းက မိသားစုကို လစဉ်ထောက်ပံ့နေဆဲပဲဆိုတဲ့ သရုပ်ဆောင်ဆုပန်ထွာရဲ့ခင်ပွန်း

Jan 31 • 6:05 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယခင်အိမ်ထောင်ဟောင်းက မိသားစုကို လစဉ်ထောက်ပံ့နေဆဲပဲဆိုတဲ့ သရုပ်ဆောင်ဆုပန်ထွာရဲ့ခင်ပွန်း

သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ဥက္ကာကျော်က လက်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ အရင်အိမ်ထောင်ဟောင်း မိသားစုနဲ့ပတ်သက်ပြီး မဖြေရှင်းချင်ပေမယ့် ဖြေရှင်းလ...

သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ဥက္ကာကျော်က လက်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ အရင်အိမ်ထောင်ဟောင်း မိသားစုနဲ့ပတ်သက်ပြီး မဖြေရှင်းချင်ပေမယ့် ဖြေရှင်းလာခဲ့ပါတယ်။ လက်ရှိ ယခင်အိမ်ထောင်ဟောင်းမိသားစုဟာ အမေရိကမှာနေထိုင်နေတာဖြစ်ပြီး ဘယ်သူ့အိမ်မှာ နေထိုင်နေလဲဆိုတာရယ် မေးခွန်းထုတ်လိုက်ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း ယနေ့အချိန်ထိ အရင်မိသားစုကိုထောက်ပံ့နေခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူတို့နဲ့လည်း အဆက်အသွယ်ယနေ့ချိန်ထိ ရှိနေကြဆဲဖြစ်တယ်လို့ ဥက္ကာကျော်ကပြောပါတယ်။ ဒါတွေဟာ တစ်ဘက်မိသားစုကို ထိခိုက်လိုစိတ်နဲ့ ဖွင့်ပြောခြင်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၂ နှစ်ကဖြစ်ပျက်ခဲ့တာတွေအပေါ် ယခုကျမှ နာမည်ပျက်စေလိုတဲ့စိတ်နဲ့ သိက္ခာချလွှင့်နေခဲ့တာတွေကြောင့် ဖြေရှင်းလာတာလည်းဖြစ်ပါတယ်



news-view-count-icon

26