back

ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည် ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်

Jan 31 • 5:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည် ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်

ရန်ကုန်မြို့၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည် စုစုပေါင်း ၆,၉၅၇,၆၉၇ ဦး လာရောက်ဖူးမြေ...

ရန်ကုန်မြို့၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည် စုစုပေါင်း ၆,၉၅၇,၆၉၇ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ စာရင်းများအရ သိရသည်။ အဆိုပါ ဘုရားဖူးများထဲတွင် သံဃာတော်နှင့် သီလရှင်များအပါအဝင် ပြည်တွင်းဘုရားဖူး ၆ ဒသမ ၈ သန်းကျော်နှင့် နိုင်ငံခြားသားခရီးသွား ၇ သောင်းခွဲကျော် ပါဝင်ပြီး၊ အမျိုးသမီး ဘုရားဖူးလာရောက်မှုမှာ အမျိုးသားများထက် ပိုမိုများပြားခဲ့သည်။ ဂေါပကအဖွဲ့အနေဖြင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်လယ်ပိုင်းမှစတင်ကာ ဘုရားဖွင့်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

19