ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် နေရာ ရှစ်နေရာတွင် လမ်းနှင့် တံတားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ယာဉ်မောင်းများအနေဖြင့် အဆိုပါနေရာများသို့ ချဉ်းကပ်ချိန်တွင် အရှိန်လျှော့၍ သတိပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်း/ပြင်အဖွဲ့က မေတ္တာရပ်ခံထားသည်။ ပြုပြင်နေသည့် နေရာများမှာ မန္တလေး-ရန်ကုန် အပြန်လမ်းဘက်ခြမ်းရှိ မိုင်တိုင် (၁၈၈)၊ (၁၉၀)၊ (၃၄၁)၊ (၃၂)၊ (၁၄၅) နှင့် (၁၆၅) အနီးရှိ ရေပြွန်၊ တံတားနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအပြင်၊ ရန်ကုန်-မန္တလေး အသွားလမ်းဘက်ခြမ်းရှိ မိုင်တိုင် (၃၄၅) နှင့် (၃၄၇) အနီးရှိ လုပ်ငန်းခွင်များ ပါဝင်ကြောင်း သိရသည်။ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လမ်းညွှန်အမှတ်အသားများကို ဂရုပြုလိုက်နာကြရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Jan 31 • 5:55 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


