အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ကျန်းမာရေးဝန်ထမ်း နှစ်ဦးတွင် နီပါးရ်ဗိုင်းရပ်စ် (NiV) ကူးစက်ခံထားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါရောဂါပိုးကို ပူနီမြို့ရှိ အမျိုးသားရောဂါပိုးမွှားဗေဒအင်စတီကျုတွင် ဇန်နဝါရီ ၁၃ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့နှင့် ထိတွေ့မှုရှိခဲ့သူ ၁၉၀ ကျော်ကို စစ်ဆေးရာတွင် ရောဂါကူးစက်ခြင်းမရှိကြောင်း အဖြေထွက်ခဲ့သည်။ ယခုဖြစ်စဉ်မှာ အနောက်ဘင်္ဂလားပြည်နယ်တွင် တတိယအကြိမ်မြောက် ရောဂါဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါစောင့်ကြည့်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ နီပါးရ်ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သည့် ပြင်းထန်သောရောဂါဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် အန္တရာယ်နည်းပါးသည့်အဆင့်၌သာ ရှိနေသေးကြောင်း သိရှိရပါသည်။
Jan 31 • 5:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


