back

ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တရုတ်(တိုင်ပေ) အောင်မြင်စွာစမ်းသပ်

Jan 31 • 5:49 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တရုတ်(တိုင်ပေ) အောင်မြင်စွာစမ်းသပ်

တရုတ်(တိုင်ပေ)သည် ပြည်တွင်း၌ တည်ဆောက်ထားသော ပထမဆုံးရေငုပ်သင်္ဘောအတွက် ပင်လယ်ရေအောက် စမ်းသပ်မှုများကို ဇန်နဝါရီ ၃၀ရက်တွင် အောင်မြင်စွာအပြီးသတ် ပြုလုပ်နိုင်ခဲ့ကြေ...

တရုတ်(တိုင်ပေ)သည် ပြည်တွင်း၌ တည်ဆောက်ထားသော ပထမဆုံးရေငုပ်သင်္ဘောအတွက် ပင်လယ်ရေအောက် စမ်းသပ်မှုများကို ဇန်နဝါရီ ၃၀ရက်တွင် အောင်မြင်စွာအပြီးသတ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။တရုတ်ရေတပ်ကို စစ်ရေးအရဟန့်တားနိုင်စွမ်း ပိုမိုခိုင်မာရေးနှင့် စစ်ပွဲဖြစ်ပွားချိန်တွင် အရေးကြီးသော ပင်လယ်ရေကြောင်းလမ်းများအား ကာကွယ်ရေးအတွက် အဆိုပါ ရေငုပ်သင်္ဘောကို တရုတ်(တိုင်ပေ)က ပြည်တွင်း၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။နာဝါးလ်ဟုအမည်ပေးထားသော အဆိုပါ ရေငုပ်သင်္ဘောသစ် ပင်လယ်ရေအောက်စမ်းသပ်မှုများကို ဇန်နဝါရီ ၂၉ ရက်တွင် အောင်မြင်စွာအပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း ယင်းရေငုပ်သင်္ဘောကို တာဝန်ယူတည်ဆောက်ပေးခဲ့သည့် စီအက်စ်ဘီစီကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။စီအက်စ်ဘီစီကုမ္ပဏီသည် နာဝါးလ်ရေငုပ်သင်္ဘောနှင့် အတန်းအစားတူရေငုပ်သင်္ဘောများကို ရှစ်စင်းအထိ တည်ဆောက်မည်ဖြစ်သည်။တည်ဆောက်မှုစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံအထိရှိသော နာဝါးလ်ရေ ငုပ်သင်္ဘောသည် အမေရိကန်ကုမ္ပဏီများ၏ တိုက်ပွဲဝင်လက်နက်စနစ်များကို အသုံးပြုမည်ဖြစ်သည်။ စီအက်စ်ဘီစီ ကုမ္ပဏီသည် မူလက နာဝါးလ်ရေငုပ်သင်္ဘောကို ၂၀၂၄ခုနှစ်တွင် တရုတ်(တိုင်ပေ) ရေတပ်သို့ လွှဲပေးရန် စီစဉ်ထားသော်လည်းအကြောင်းအမျိုးမျိုးကြောင့် အစီအစဉ်ကြန့်ကြာခဲ့ရသည်။



news-view-count-icon

7