back

(၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်

Jan 31 • 5:10 AM

breaking-news

မြန်မာ

မန္တလေး

cover

(၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို လာမ...

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) မှ ၁၄ ရက်အထိ ၃ ရက်တိုင်တိုင် ချမ်းမြသာစည်မြို့နယ်ရှိ မြမာလာဥယျာဉ်၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ဌာနဆိုင်ရာပြခန်းများ၊ ပျိုးပင်အရောင်းဆိုင်များနှင့်အတူ လာရောက်လည်ပတ်သူများအတွက် ပျိုးပင်လက်ဆောင်ပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် အပန်းဖြေနိုင်ရန် အလှဆင်ပန်းဝိုင်းကြီးများနှင့် ဓာတ်ပုံရိုက်ကူးရန် နေရာများ ပြင်ဆင်ထားမည်ဖြစ်ကာ၊ ပြိုင်ပွဲဝင်ပစ္စည်းများကို ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကြိုတင်ပေးပို့ရမည်ဖြစ်ပြီး ဆုအများဆုံးရရှိသူအား တံခွန်စိုက်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

21