တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းကြီးတစ်ခုကို မကြာမီ စတင်အကောင်အထည်ဖော်ရန် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ပြင်ဆင်နေသည်။ အဆိုပါစီမံကိန်းကို အပိုင်း (၄) ပိုင်းခွဲခြားကာ ဆိပ်ခံတံတား၊ စက်မှုဇုန်၊ ကုန်သွယ်မှုနယ်မြေနှင့် စိမ်းလန်းနယ်မြေအပါအဝင် နယ်မြေ (၆) ခု သတ်မှတ်၍ တည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိတွင် စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ်များကို အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးကာ သတင်းအချက်အလက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း
သိရှိရပါသည်။


