ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်၊ ကံကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ဇန်နဝါရီ ၃၀ရက် ည ၂၂ ၀၇ အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိခဲ့သည်။သတင်းအရ ဥက္ကံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ယာဉ်ပေါ်ပါ ကျား(၁)ဉီး၊ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) အား လှိုင်သာယာအရန်မီးသတ်မှ သူနာတင်ယာဉ်ဖြင့် ဥက္ကံမြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Jan 31 • 5:06 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


