back

ကမ္ဘာ့ ရွှေနှင့်ငွေ ဈေးနှုန်းများ ဆက်တိုက် အများအပြား ကျဆင်း

Jan 31 • 5:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ ရွှေနှင့်ငွေ ဈေးနှုန်းများ ဆက်တိုက် အများအပြား ကျဆင်း

အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ရွှေနှင့် ငွေဈေးနှုန်းများမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဆက်တိုက် ကျဆင်းခဲ့ကြေ...

အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ရွှေနှင့် ငွေဈေးနှုန်းများမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရသည်။ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလအတွက် ရွှေကြိုပွိုင့်ဈေးနှုန်း (Gold Futures) မှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၈၀၀ အောက်သို့ ထိုးဆင်းသွားခဲ့ပြီး ကျဆင်းမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ထို့အတူ မတ်လအတွက် ငွေကြိုပွိုင့်ဈေးနှုန်း မှာလည်း တစ်အောင်စလျှင် ဒေါ်လာ ၈၀ အောက်သို့ ကျဆင်းခဲ့ပြီး ၃၀ ရာခိုင်နှုန်းကျော်အထိ သိသိသာသာ ထိုးကျသွားခဲ့ကြောင်း သိရှိရပါသည်။
news-view-count-icon

24