ရန်ကုန်တိုင်း လှိုင်မြို့နယ် ယုဇနလမ်းထိပ် အိုဝမ်းမှတ်တိုင်အနီးတွင် ဇန်နဝါရီ ၃၀ရက် ညနေ ၃နာရီကျော်ခန့်က YBSခရီးသည်တင်ယာဉ်နှင့်၆ဘီးကားတစ်စီးတိုက်မှုဖြစ်ပွားရာမှ ၆ဘီးကားယာဉ်မောင်း ကားခေါင်းခန်းအတွင်း ညပ်နေကြောင်းသတင်းရရှိခဲ့သည်။သတင်းအရ အနာဂတ်အလင်းတန်းပရဟိတအသင်း မှ အခင်းဖြစ်ပွားရာယာဉ်တိုက်မှုနေရာတွင်ညပ်နေသည့်လူနာအား Hydraulic Rescue Toolsအသုံးပြု၍ ညနေ 15:43အချိန်တွင်လူနာအား ကယ်ထုတ်ပေးနိုင်ခဲ့ပါသည်။ကားအတွင်းညပ်သည့်ဒဏ်ဖြင့်ခြေထောက်၂ဖက်ဒဏ်ရာရရှိခဲ့သဖြင့် လူနာအားအေးရိပ်မွန်လူမှုကယ်ဆယ်ရေးအသင်းမှလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်းသိရသည်။
Jan 31 • 5:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


