ဘန်ကောက်မြို့၊ လုမ္ပဏီအားကစားကွင်း၌ ဇန်နဝါရီ ၃၀ ရက် ညက ကျင်းပသည့် ONE Friday Fights 140 ပြိုင်ပွဲ၏ ဒုတိယခေါင်တွဲဆိုင်းတွင် မြန်မာဖိုက်တာ ဆွန်ရက် သည် ထိုင်းဖိုက်တာ ဘူအာခေါင်ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ ဘင်တန်ဝိတ်တန်း မွေထိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ဆွန်ရက်က သူ၏အားသာချက်ဖြစ်သော ဘယ်ဖြောင့်လက်သီးပြင်းများကို အသုံးချကာ ဒုတိယအချီ၌ပင် အလဲထိုးကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ အဆိုပါအနိုင်ပွဲကြောင့် ဆွန်ရက်သည် ONE Championship စင်မြင့်ထက်တွင် မြန်မာပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကို ထပ်မံရရှိခဲ့ကြောင်း သိရှိရပါသည်။
Jan 31 • 5:02 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


