ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမရှိသူများနှင့် နိုင်ငံသားဖြစ်ခွင့်မရသေးသူများ၏ ကလေးငယ်များ ပညာသင်ကြားခွင့်မဆုံးရှုံးစေရန် ရည်ရွယ်သည့် လမ်းညွှန်ချက်အသစ်ကို ထိုင်းပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်တွင် တော်ဝင်ပြန်တမ်း၌ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါမူဝါဒသစ်အရ စာသင်ကျောင်းများအနေဖြင့် စာရွက်စာတမ်းမစုံလင်သည့် ကလေးငယ်များကို လက်ခံရန် ငြင်းပယ်ခွင့်မရှိဘဲ ၎င်းတို့အတွက် 'G' အက္ခရာဖြင့်စသည့် ဂဏန်း ၁၃ လုံးပါ G Code စနစ် ကို အသုံးပြု၍ ကျောင်းအပ်လက်ခံရမည်ဖြစ်သည်။ ထို့ပြင် ကျောင်းအုပ်ချုပ်သူများက မိဘများနှင့်ပူးပေါင်းကာ ကလေးများအတွက် တရားဝင်မှတ်ပုံတင်နံပါတ်ရရှိရေး ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ ကျောင်းပြီးသည့်တိုင် မှတ်ပုံတင်မရရှိသေးပါကလည်း မူလ G Code ကို ဆက်လက်အသုံးပြုခွင့်ပေးထားမည်ဖြစ်သည်။ ဤအစီအစဉ်သည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအတွက် ပညာရေးအခွင့်အလမ်းသစ်များ ရရှိလာစေမည်ဖြစ်ကြောင်းသိရှိရပါသည်။
Jan 31 • 5:01 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


