back

စင်ကာပူတွင် ကလေးငယ်နှင့်အတူ ခရီးသွားလာသည့် မိခင်တစ်ဦးအား ဘတ်စ်ကားပေါ်၌ အမည်မသိအမျိုးသမီးတစ်ဦးက တိုက်ခိုက်

Jan 31 • 5:00 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

စင်ကာပူတွင် ကလေးငယ်နှင့်အတူ ခရီးသွားလာသည့် မိခင်တစ်ဦးအား ဘတ်စ်ကားပေါ်၌ အမည်မသိအမျိုးသမီးတစ်ဦးက တိုက်ခိုက်

စင်ကာပူနိုင်ငံ၊ အမှတ် ၁၄၇ ဘတ်စ်ကားပေါ်တွင် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အသက်တစ်နှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်လာသည့် မိခင်တစ်ဦးအား အမည်မသိ အမျိုးသမီးတစ်ဦးက အကြော...

စင်ကာပူနိုင်ငံ၊ အမှတ် ၁၄၇ ဘတ်စ်ကားပေါ်တွင် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အသက်တစ်နှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်လာသည့် မိခင်တစ်ဦးအား အမည်မသိ အမျိုးသမီးတစ်ဦးက အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း Stomp သတင်းဌာနက ဖော်ပြခဲ့သည်။ နစ်နာသူမိခင်မှာ ကလေးအား ဆရာဝန်ပြရန်အသွား Jalan Bukit Merah မှတ်တိုင်မှ တက်လာသည့် အမျိုးသမီးက သူမ၏ခြေထောက်အား အကြိမ်ကြိမ် အားပြင်းပြင်းဖြင့် နင်းခဲ့သည့်အပြင်၊ အော်ဟစ်တားဆီးသည့်အခါတွင်လည်း လက်မောင်းကို လက်သည်းဖြင့် ကုတ်ဆွဲတိုက်ခိုက်ခဲ့သဖြင့် သွေးထွက်ဒဏ်ရာ ရရှိခဲ့သည်။ ဘတ်စ်ကားပေါ်တွင် ခရီးသည်များ ပြည့်နှက်နေသော်လည်း ဝင်ရောက်တားဆီးပေးသူ မရှိခဲ့ကြောင်းနှင့် အဆိုပါရန်ပြုသူ အမျိုးသမီးမှာ အခြားမိခင်များကိုလည်း အလားတူ ရန်မူခဲ့ဖူးသူဖြစ်ကြောင်း သိရှိရပြီး၊ လက်ရှိတွင် နစ်နာသူက ရဲစခန်း၌ တိုင်ချက်ဖွင့်လှစ်ကာ ဆေးကုသမှု ခံယူထားကြောင်း သိရှိရပါသည်။

news-view-count-icon

8