back

မိုးညှင်းတက္ကသိုလ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသမှုများ ပြုလုပ်

Jan 31 • 4:59 AM

breaking-news

မြန်မာ

ကချင်

cover

မိုးညှင်းတက္ကသိုလ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသမှုများ ပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းတက္ကသိုလ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝ...

ကချင်ပြည်နယ်၊ မိုးညှင်းတက္ကသိုလ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ရတနာခန်းမတွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က အကြမ်းဖက်မှုဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်စိုးသန်းက မီးငြှိမ်းသတ်နည်းစနစ်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် တက္ကသိုလ်ပင်မဆောင်ရှေ့၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးကာကွယ်ရေးဆိုင်ရာ လက်တွေ့သရုပ်ပြသခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

9